Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန podcast artwork
Religion & Spirituality

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန

by Insight Myanmar
Share this ranking Claiming needs an RSS feed. Contact us.

Chart positions today · United States

Not on the United States charts we track today.

If you like Myanmar Revolutionary Tales…, try…

Latest episodes

  • Episode #38: နိုင်ငံတစ်ခု၏ ပြောင်းလဲမှုအလယ်မှာ

    April 22, 2026 · 1 hr 7 min

    ဤအပိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဆက်လက်တိုးတက်ပြောင်းလဲနေသော အကျပ်အတည်းကို လေ့လာတင်ပြထားပြီး၊ စစ်ပွဲ၏ ဖွဲ့စည်းပုံဆိုင်ရာ လှုပ်ရှားမှုများနှင့် လူသားဘဝအပေါ် သက်ရောက်မှုများကိုပါ အလေးပေး ဆွေးနွေးထားပါသည်။…

  • Episode #37: မရေရာမှုများကြားက နိုင်ငံ

    April 11, 2026 · 1 hr 7 min

    မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှု ၅ နှစ်ကြာမြင့်လာသည်အထိ အခြေအနေတည်ငြိမ်ခြင်းမရှိသေးဘဲ ပြည်သူများ၏ နေထိုင်မှုဘဝ၊ လုံခြုံရေးနှင့် အနာဂတ်အလားအလာတို့မှာ မရေရာနေဆဲဖြစ်သည်။ မန္တလေးတိုင်းအပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ၊ လှုပ်ရှားမှုများနှင့်…

  • Episode #36: အာဏာရှင်ရွေးကောက်ပွဲနှင့် ပြည်သူ့မျက်ရည်

    April 5, 2026 · 1 hr 26 min

    လူဦးရေ သန်း ၅၀ ကျော်တဲ့ မြန်မာပြည်သူတွေဟာ ကမ္ဘာ့ကပ်ရောဂါရဲ့ နောက်ဆက်တွဲဒဏ်ကိုသာမက၊ မတရားစစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဖက်ဖက်က ယိုယွင်းပျက်စီးမှုတွေကိုပါ ခါးစည်းခံစားနေကြရပါတယ်။ ဒီလိုအကျပ်အတည်းတွေကြားက အာဏာရှင်တွေဟာ…

  • Episode #35: စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ

    January 10, 2024 · 50 min

    မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။ သူမသတိမထားမိခဲ့သည်ကား မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို…

  • Episode #34: ခိုင်မာသော နှလုံးသားနှင့် လေးစားထိုက်သော မိခင်

    November 25, 2023 · 52 min

    သူမကို ခင်မင်သူတွေက မသော် ဟု ခေါ်ကြသည်။ သူမ၏ဘ၀သည် အာဏာမသိမ်းခင်က ရိုးရှင်းသည်။ ဘာသာပြန်၊ အင်္ဂလိပ်စာဆရာမအဖြစ် Professional ကျကျ လုပ်ကိုင်သူ၊ သူမ၏ကလေးတွေအတွက် မအားမလပ်သည့်ကြားက အချိန်ပေးတတ်သူ၊ ဘ၀ကို ခေတ်မီမီ ဖြတ်သန်းနေသော မိခင်ကောင်း၊…

Show 7 more episodesShow fewer episodes
  • Episode #33: စိတ်ရောကိုယ်ပါ ကြံ့ခိုင်ပါမှ

    September 6, 2023 · 45 min

    လူငယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ စိတ်အားထက်သန်သူ၊ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အသက်မွေးရင်း မြို့နယ်တိုင်းမှာ အားကစားရုံဖွင့်ချင်သူတစ်ယောက်၊ အိပ်မက်တွေကို အကောင်အထည်ဖေါ်ရင်း စစ်အုပ်စု၏ မတော်လောဘကြောင့် အကုန်ပျက်စီးသွားရသော ပြည်သူထဲက…

  • Episode #32: လူထဲက လူ

    July 24, 2023 · 1 hr 2 min

    LGBT အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ။ သူမ ပေးတဲ့ သင်တန်းတွေကနေ တဆင့် မိမိကိုယ်မိမိ လက်ခံသွားနိုင်တဲ့သူတွေ၊ ကိုယ့်ဘ၀ကိုယ် ယုံကြည်တတ်သွားသူတွေ မနည်း။ သူ့အမည်ကား ပိုင်။ အမျိုးသမီးချင်း စိတ်၀င်စားသူတစ်ယောက်အဖြစ် မိမိကိုယ် မိမိ လက်ခံခဲ့သူ၊…

  • Episode #31: ဦးဂမ်ဘီယာနှင့် ရွှေဝါရောင်တော်လှန်ရေး

    June 2, 2023 · 49 min

    ၂၀၀၇ ဩဂုတ်၊ စက်တင်ဘာ လများတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဥူးဂမ်ဘီရ။ ငယ်ရွယ်စဉ်ကတည်းက စစ်အာဏာရှင်၏ ဆ်ိုးသွမ်းရက်စက်မှုကို စာအုပ်စာပေမှတဆင့် ကိုယ်တွေ့ကြုံရပြီး ရဟန်းဘ၀မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး…

  • Episode #30: ခွဲခြားခံရမှု၊ နိုမ့်ချမှုများနှင့် ရှေးရိုးစွဲကို လွန်၍

    May 11, 2023 · 1 hr 10 min

    ကိုဗစ်တာ၊ LGBT ဆရာ၀န်တ‌စ်ယောက်၊ နွေဦးတော်လှန်ရေးကို ဘ၀နဲ့ရင်း ခေါင်းတိုး၀င်ခဲ့သူ။ နိုင်ရာ၀န်ထမ်းရုံသာမက မနိုင်၀န်ကိုပါ တော်လှန်ရေးအတွက် ထမ်းပေးသူ။ မိဘပတ်၀န်းကျင်ရဲ့ ဖိနိုပ်ရှုတ်ချမှုတွေကြားက ဘ၀ရပ်တည်ချက်ကို ရဲရဲရင့်ရင့် ဖွင့်ဟ၍…

  • Episode #29: ဒီတက်နဲ့မရရင် ဟိုတက်နဲ့လှော်

    March 18, 2023 · 40 min

    ကိုကျော်၊ အင်ဂျင်နီယာ၊ သိပ်သဘောကောင်း၊ လူချစ်လူခင်ပေါတဲ့သူ။ အာဏာစသိမ်းပါပြီဆိုကတည်းက ဆန္ဒပြသူ။ အစောဆုံးစစ်သင်တန်းတက်သူ။ နွေဦးတော်လှန်ရေးကို ကျရာနေရာကနေ သူထမ်းသည်။ ကျတော် မထင်ထားသည်ကိုပင် သူလုပ်သည်။ နောက်ဆုံး အဆင်မပြေဖြစ်သည့်ကြားမှ…

  • Episode #28: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၂)

    February 16, 2023 · 54 min

    ဆရာဇင်ဇေလွင်၏ ကြယ်ငါးကောက်သူနှင့်ကြယ်ကြွေနိုင်ငံ ပထမပိုင်းကို နားဆင်ပြီး ဒုတိယပိုင်းအတွက် စောင့်မျှော်နေမည်ကို ယုံကြည်ပါတယ်။ Podcast ရဲ့ အနှစ်သာရဖြစ်တဲ့ နားဆင်ရင်း တွေးခေါ်နိုင်မယ့် အကြောင်းအရာတော်တော်များများကို ဆွေးနွေးပြောပြသွားတဲ့…

  • Episode #27: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၁)

    January 29, 2023 · 1 hr 4 min

    ဆရာဇင်ဇေလွင်၊ မှန်တယ်ထင်ရင် လူတိုင်းကို သူတင်ကိုယ်တင် ပြောတတ်သူ၊ စာပေကို မြတ်နိုးပြီး မိမိကြိုးစားမှုဖြင့် မိမိဘ၀ကို ပြုပြင်ပြောင်းမနိုင်သည်ဟု ယုံကြည်တတ်သူ၊ ပညာကို လေးစားပြီး ပညာဖြင့် အသက်မွေး၀မ်းကြောင်းပြုရင်း နာမည်တစ်လုံးဖြင့်…

Full episode archive on Apple Podcasts →

About the show

တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် ဆိုသော ခေါင်းစဉ်တခုနှင့်ပင် ဖတ်ရှုလေ့လာသူများနှင့် podcast နားထောင်သူများ ကျနော်တို့၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းသဘောပေါက်နားလည်မည် ထင်ပါသည်။ မြန်မာနိုင်ငံတွင် ဘာသာတရား၏ လွမ်းမိုးမှု၊ ဘာသာရေးခေါင်းဆောင်များ၏ ချုပ်ကိုင်မှုနှင့် ရှေးရိုးစွဲအစဉ်အလာများစွာ၊ လူမျိုးစုများစွာ၏ ကွဲပြားခြားနားမှုများ၊ ပြည်တွင်းစစ်များ၊ ဘာသာရေးပြဿနာများဖြင့် ပြည့်နှက်နေသည်မှာ နှစ်အတော်ပင် ကြာခဲ့ပြီဖြစ်ပါသည်။ အဖက်ဖက်က တိုးတက်သောနိုင်ငံတခုဖြစ်ဖို့ ပြုပြင်ပြောင်းလဲဖို့ရာ များစွာကို ခွဲခြမ်းရလျှင် အချို့ကို ညှိနှိုင်း၍ရသည်၊ အချို့က တော်လှန်ရသည်၊ အချို့က ဆွေးနွေးလက်ခံရသည် အစရှိသဖြင့် များစွာသော တော်လှန်ခြင်းအမျိုးမျိုးနှင့် ခေတ်သစ်မြန်မာပြည်ပင် ဖြစ်ပါသည်။ ထိုသို့ကွဲပြားသော အမြင်အမျိုးမျိုးကို စုပေါင်း၍ အဖြေရှာပြီး အေးချမ်းခေတ်မီသော မြန်မာနိုင်ငံတည်ဆောက်ရာလမ်းကြောင်းကို အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ဤတော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast ကို ဖန်တီးလိုက်ရပါကြောင်း ထပ်လောင်းအသိပေးလိုက်ရပါသည်။